“မိုက်ကယ်ဂျက်ဆင် နှင့် နာမည်ပက္ခတ်မိခြင်း” ဆောင်းပါးမှာ နာမည် ပက္ခတ်မိခြင်း အကြောင်းကို ပဏာမ ဖော်ပြခဲ့ဘူးပြီး ဆက်ရေးဖို့ ကျန်နေပါတယ်။ နာမည်ပေး ဗေဒင်ပညာနဲ့ ပတ်သက်ပြီး ကျွန်တော် လေ့လာခဲ့တဲ့ သက်တမ်း တစ်လျှောက်မှာ ပက္ခတ် မိခြင်းဟာ ကျန်တဲ့ နာမည် အမှားတွေထက် ဆိုးကျိုး အလွန်ပေးနိုင်တာကို သတိထားမိလာခဲ့ပါတယ်။
အရင်တုန်းကတော့ ပက္ခတ် ကို သိပ်အရေးကြီးလှတယ်လို့ မထင်ခဲ့ ပါဘူး။ ဗေဒင်ကျမ်း တွေမှာလည်း ပက္ခတ် အကြောင်းကို သာမန်မျှလောက်ဘဲ ဖော်ပြနေကြ တာကြောင့် တစ်ချို့ နာမည်ပေး ပညာရှင်တွေဆိုရင် ပက္ခတ်မိနေတဲ့ နာမည်တွေကို ပေးနေကြ တာကို တွေ့မြင်နေရပါ တယ်။
“ပက္ခတ်”သို့မဟုတ် “ပက္ခ”ဆိုတာ ပဋိပက္ခ ဖြစ်ခြင်း အဓိပ္ပါယ်ကို ဆိုလိုပါတယ်။ နာမည် တစ်ခုရဲ့ ရှေ့ဆုံး နေ့နံ နဲ့ နောက်ဆုံး နေ့နံဟာ “ပက္ခတ်” မိနေတယ်ဆိုရင် ဘဝတစ်ချိန်ချိန်မှာ -
= မတော်တဆ ထိခိုက်ဒဏ်ရာရခြင်း၊ သွေးထွက်သံယိုဖြစ်ခြင်း၊ မပျောက်နိုင်သော နာတာရှည်ရောဂါကြီးများရခြင်း(ဥပမာ- ဆီးချိုရောဂါ)
= ကိုယ်လက်အင်္ဂါ ချို့ယွင်းခြင်း၊ ခွဲစိတ်ကုသခံရတတ်ပြီး ကိုယ်အင်္ဂါအစိတ် အပိုင်းတစ်ခုခု ဆုံးရှုံးခြင်း၊
= အိမ်ထောင်ရေးပြိုကွဲခြင်း၊ အိမ်ထောင်ရေးအတွက် အမြဲစိတ်ဆင်းရဲနေရခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်မှု ဖြစ်ခြင်း၊
= ဘ၀မှာ အမြင့်ဆုံးသို့ ရောက် ပြီးခါမှ ပြန်၍ကျခြင်း၊ ဘဝအဆုံးသတ်မကောင်းခြင်း၊ အိုဇာတာညံ့ခြင်း၊
= Current of Destiny မကောင်းပါက ဥပစ္ဆေဒကကံနဲ့ ကွယ်လွန်ခြင်းများ (သို့မဟုတ်) အသက်တိုခြင်း များဖြစ်တတ်ပါတယ်။
Read the rest of this entry »